သတင်းများ

ငါးသိုင်းချောင်းမြို့၊မအူကုန်ကျေးရွာတွင် ၂၀၂၂ -ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာ အုပ်စု၊ တောင်သူဦးကုသိုလ်၏ ကွင်းအမှတ်(၉၀၃-B)၊ ဦးပိုင်အမှတ်(၁၉)တွင် တိုင်းဒေသကြီး စိုက်ပျိူရေးဦးစီးဌာန အစီအစဉ်ဖြင့်၂၀၂၂ -ခုနှစ်၊ မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းကကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမျိုးနွယ်၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ တောင်သူများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို “မိသားစုအခြေပြု မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်‌နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် တိရစ္ဆာန်အစာပင်နေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Jun 23,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်ဖြစ်သည့် နေဗီယာမြက်သရုပ်ပြ စိုက်ပျိုးပွဲကိုယနေ့နံနက် ၉နာရီက ကျွန်းရွာကျေးရွာရှိ မွေးမြူရေးခြံရှင်တောင်သူ ဦးကျော်ဆွေ၏ ခြံမြေ (၀.၅)ဧကတွင်ပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်မှု အခြေအနေအား ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မိတ္ထီလာမြို့နယ်၌ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အခြေခံစက်ချုပ်သင်တန်း (အခမဲ့)ဖွင့်လှစ်သင်ကြားပေး
Jun 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
စုကလိမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jun 23,2022
ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့၌ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျင်းပသည်။
တံတားမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Jun 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံခြင်းကို တံတားမြို့ သုံးလောကထွဋ်ခေါင် မာန်အောင် ရတနာဘုရားကြီးဝန်းအတွင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Jun 23,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၁)နာရီက လူထုအ ခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။