ဖားဆောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာ(နေဗီယာမြက်ပင်) သရုပ်ပြ စိုက်ပျိုးပွဲပြုလုပ်
Jun 23,2022
၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူတိရစ္ဆာန်များ အစာရေစာရှားပါးမှုအန္တရာယ်မှ ကာကွယ်ရန်နှင့် အာဟာရပြည့်ဝသော မြက်မျိုးများကို စားသုံးစေခြင်းဖြင့် ကြီးထွားနှုန်းလျင်မြန်ကောင်းမွန်စေပြီး မိသားစုဝင်ငွေတိုးတက်ရရှိလာစေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာနေ ဗီယာမြက်ပင် သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့က ခဲမဖြူကျေးရွာ ဦးစောတင်လှ၏ယာမြေ(၁)ဧကတွင် ပြုလုပ်ခဲ့ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ဇော်မြင့်အောင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုး တောင်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။