ညောင်တုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို “မိသားစုအခြေပြု မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်‌နေ့  မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club) နာယက ဦးစိုးကြည်နှင့် အဖွဲဝင်ဦးမြင့်ဟန်တို့က “မိသားစုအခြေပြု မူးယစ်ဆေးဝါး သုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ” စာအုပ်တွင် ရေးသားဖော်ပြထားသည့် မူးယစ်ဆေးဝါး အမျိုးအစားနှင့် အုပ်စုများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုး များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် မိသားစုဘဝများ နစ်မွန်းစေသည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါး သုံးစွဲသူ များအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ချက်များ စသည့်အကြောင်းအရာများကို ဖတ်ကြား‌၍ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များနှင့် အတူ ဆွေးနွေးခဲ့သည်။

ထို့နောက်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို စာအုပ်ပြပွဲကိုကျင်းပရာ တက်ရောက်လာသည့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေ ဝါသနာရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)