မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုးနဲ  ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့၏ စီစဉ်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို နားခံကျေးရွာအုပ်စု  ဝမ်ယေး(စက်တော်)ကျေးရွာ၊ စက်တော်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနယ်မြေ နေရာ၌ ဇွန်လ ၂၁ ရက်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးဖြိုးဝေစံက သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး  စိုက်ပျိုးမြေလှူဒါန်း‌ပေးကြသော အလှူရှင်(၂)ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာများကို ဆရာတော်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်သံဃာ့နာယကအဖွဲ့ နာယကဆရာတော်ထံ ပျိုးပင်များလှူဒါန်း ခြင်း၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား စိုက်ပျိုးရန်ပျိုးပင်များကို တာဝန်ရှိသူများက‌ပေးအပ်ခဲ့ကြပြီး ပျိုးပင်များကို မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တိုင်ရင်းသားပြည်သူ စုစုပေါင်း ၂၅၀ ဦးတို့က   ကျွန်း(၂၇၀) ပင်၊ ကျောက်ထင်းရှူး (၅၀) ပင်၊ မယ်ဇလီ(၁၉ဝ) ပင်၊ စိန်ပန်းနီ (၉၀) ပင်၊ စုစုပေါင်း ပျိုးပင်(၆၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝိုးတောင်း (မိုးနဲ)