သတင်းများ

ကွမ်းလုံမြို့၌ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က ကွမ်းလုံမြို့နယ် အားကစားဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် စတင်ဖွဲ့စည်း
Jun 26,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေးအတွက် သမဝါယမအသင်းများ ဖွဲ့စည်းခြင်း၊ စည်းရုံးပညာပေးခြင်း၊ တည့်မတ်ပြုပြင်ပေးခြင်းတို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁) စိုက်ပျိုးမွေးမြုရေးရပ်ကွက်တွင် အသင်းတည်နေရာထားရှိပြီး စိတ်တူကိုယ်တူ အသင်းသား (၄၃)ဦး စုစည်း၍ မတည်ရင်းနှီးငွေကျပ် နှစ်သိန်းတစ်သောင်းငါးထောင်ဖြင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ကို ယနေ့နံနက်(၁၀:၀၀)နာရီက အမှတ်(၁)စိုက်ပျိုးမွေးမြုရေးရပ်ကွက်ရှိ ဘက်စုံသုံးခန်းမတွင်စတင်ဖွဲ့စည်းသည်။
လောင်းလုံးမြို့နယ်၊(ခ)ရပ်ကွက်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
Jun 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်(ခ)ရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြည့်ဆည်းဆောင် ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ယနေ့မွန်းလွဲ(၁)နာရီအချိန်က လောင်းလုံးမြို့(ခ)ရပ်ကွက်၊ မြို့လယ်ဘုန်းတော် ကြီးကျောင်းဓမ္မံရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဆောင်ကျောင်းသူ/ကျောင်းသားများအား သုတဂဝေသီပညာရေးဖောင်ဒေးရှင်းမှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jun 26,2022
မအီမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသူကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို သုတဂဝေသီ ပညာရေးဖောင်ဒေးရှင်းမှ ယနေ့နံနက်(၉)နာရီတွင် မအီမြို့၊ အထက်တန်းကျောင်း၊ မြရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်အောင်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်း စာစောင်များ(အခမဲ့) ဖြန့်ဝေ
Jun 26,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့က မြန်အောင်မြို့ နေခြည်ဈေးတွင် ပြည်သူများလက်ဝယ်အရောက် (အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
မိုင်းကိုင်မြို့နယ်၌ တိရစ္ဆာန်အစာပင်များ အခမဲ့ဖြန့်ဝေ
Jun 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း တိရစ္ဆာန်အစာပင်များ အခက်အခဲမရှိစေရန်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၃) ရပ်ကွက်၊ ဖာခေးအပိုင်းရှိ စိုက်ပျိုးရေး/မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဦးစိုင်းမောင်သိမ်း၏ ခြံ၌ မွန်ဘာဆား (Mombasa) နှင့် မူလတူ (Mulato) မြက်မျိုးစေ့များကို အခမဲ့ဖြန့်ဝေခြင်းနှင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
မိုးရာသီရေဘေးအန္တရာယ် ကာကွယ်ရေး သရုပ်ပြပွဲအခမ်းအနား မြန်အောင်တွင် ကျင်းပ
Jun 26,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊မြန်အောင်မြို့နယ်တွင် မိုးရာသီကာလမြစ်ရေကြီးမှုများ ဖြစ်ပေါ်လာပါက တာတမံများထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာတမံပျက်စီးနိုင်သော အချက်များကို ဒေသခံပြည်သူများသိရှိစေရန်အတွက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက မြန်အောင် တာမိုင် ၆ /၃ မကျီးစုရေကင်းစခန်းတွင် ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးတက်ရောက်
Jun 26,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာ များနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ် သံဃာ့နာယကအဖွဲ့ရုံးတွင် ကျင်းပ ပြုလုပ်သည့် နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်သည်၊၊