သတင်းများ

မိုင်းလုံမြို့တွင်  Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
Jun 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က မိုင်းလုံမြို့ အထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးတွင် သွားရောက်ဌားရမ်းပေးခဲ့သည်။ 
ကျောက်မဲမြို့၊ အထက(ခွဲ)၊အလက(၃)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jun 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အထကခွဲ အလက ၃ ကျောင်းရွှေရတုခန်းမတွင် အသိပညာပေး ဟောပြောပွဲကျင်းပ‌ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် GENDER, CEDAW, NSPAW အသိပညာပေးသင်တန်း ဖွင့်လှစ် သင်ကြား
Jun 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျား၊မ တန်းတူအခွင့်အရေး (GENDER)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်(CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျို းသားအဆင့် မဟာဗျူဟာစီမံကိန်း(NSPAW) အသိပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းရုံးရှိ မူလတန်းကြို‌ကျောင်း ဟောခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်၊ ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတေသနစာပေ ဒုတိယဆုရ မင်းသူရိန်(ထားဝယ်) ရေးသားထားသော စာအုပ်များကို ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်း
Jun 30,2022
ထားဝယ်ဒေသအတွင်းရှိ အများပြည်သူများ၊ စာပေချစ်မြတ်နိုးသူများနှင့် ထားဝယ်သူ/သားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၊ ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတေသနစာပေ ဒုတိယဆုရ မင်းသူရိန်(ထားဝယ်)ရေးသားထားသော “တို့များထားဝယ် သိမှတ်ဖွယ်စာအုပ်” နှင့် “ထားဝယ်ရိုးရာသပိတ်မျှောပွဲစာအုပ်” များကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေအမှတ်(၁၁၈၈)စင်တီမီတာနှင့် ဒုဌဝတီမြစ်ရေအမှတ်(၈၀၅)စင်တီမီတာရောက်ရှိ
Jun 30,2022
မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာန၏ ယနေ့နံနက်(၆)နာရီခွဲ အချိန် တိုင်းထွာချက်များအရ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ်(၁၂၆၀)စင်တီမီတာသို့ ရောက်ရှိရန် (၁၁၈၈) စင်တီမီတာနှင့် ဒုဌဝတီမြစ်ရေစိုးရိမ်ရေမှတ် (၈၇၀)စင်တီမီတာသို့ ရောက်ရှိရန် (၈၀၅)စင်တီမီတာသို့ တဖြည်းဖြည်းလျော့နည်းလာကြောင်း တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန် သွားရောက်ကြမည့် ဆရာ/ဆရာမများနှင့် ချီဖွေနှင့်တနိုင်းခရိုင်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့
Jun 30,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ အား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 30,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်းလမ်းခွဲရှိ နားမကြားသောကလေးများ ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာတက္ကသိုလ် ၂၀၂၂-ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jun 30,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် မိုးလုံလေလုံခန်းမ၌ မုံရွာတက္ကသိုလ် ၂၀၂၂-ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယက ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့် ပြိုင်ပွဲကျင်းပ‌ရေးဆပ်ကော်မတီမှ တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။