ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ "မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ် Talk Show ကျင်းပ

ဗဟန်း  ဇူလိုင် 

ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် နာရီ က " မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် Talk Show ကျင်းပရခြင်းရည်ရွယ်ချက်အား ဗဟန်းမြို့နယ် ဦးစီးအရာရှိ ဒေါ်စန္ဒာဌေး က ပြောကြားပြီး စာရေးဆရာမ ပေါက်ပေါက် က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ ယနေ့ခေတ် အမျိုးသမီးများ မိမိကိုယ်ကိုတန်ဖိုးထားရမည့် အကြောင်းအရာများ၊ စာပေများကို ဖတ်ရှုခြင်းဖြင့် ဘဝတိုးတက်စေမည့် အကြောင်းအရာများနှင့် ဇာတိသွေးဇာတိမာန်ထက်သန်ကြစေလိုသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စန္ဒမိုး