ရေတာရှည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ရေတာရှည်  ဇူလိုင် 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စီမံကိန်းရေးဆွဲနည်း သင်တန်းဖွင့်ပွဲအား ယမန်နေ့ က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့် က စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာငွေစီမံခန့်ခွဲခြင်း နှင့် ကျေးရွာများတွင် အမှန်တကယ်လိုအပ်ချက်များ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာအုပ်စု ခုရှိ ကျေးရွာပေါင်း ၁၄ ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရွေးချယ်၍ ကျေးရွာအလိုက် ရွေးချယ်ဖွဲ့စည်းထားသော ကော်မတီဝင်များအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ မိမိတို့ ကျေးရွာအလိုက် လိုအပ်ချက်ရှိသော အရာများကို ဖော်ထုတ်၍ ကျေးရွာသူ/သားများကိုယ်တိုင် ဆောင်ရွက်ရမည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲနည်းသင်တန်းကို ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)