ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေဒေသထွက် စျေးကွက်ဝင် အုန်းသားစိတ်လုပ်ငန်း လုပ်ကိုင်သူ မိသားစုအဆင်ပြေ
Jul 01,2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေတစ်လျှောက် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အပင် အများစုမှာ အုန်းပင်ဖြစ်ပြီး ရေငံပိုင်းနှင့် ရေငံစပ်ဒေသတွင် အုန်းပင်ဖြစ်ထွန်းမှု အားကောင်း၍ ရေချိုပိုင်းတွင် ရေငံပိုင်းလောက် အောင်မြင်ဖြစ်ထွန်းမှု နည်းပါးကြောင်းပင်လယ်နှင့် နီးကပ်လျက်ရှိသော ချောင်းသာ၊ ငွေဆောင်မှ မော်တင်စွန်းကမ်းခြေအပြင် ရေငံပိုင်းဒေသ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဆက်စပ်နေသော ကျေးရွာများသည်လည်း အုန်းသီးအဓိက ထွက်ရှိရာ ဒေသများ ဖြစ်ကြောင်း သိရသည်။