မိတ္ထီလာ ဇူလိုင် ၁
မိတ္ထီလာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများတွင် ပိုးလောက်လန်းသတ်ဆေး(အဘိတ်ဆေး)ခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီ အချိန်က အထက(၁) တွင် ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများနှင့် ပိုးလောက်လန်းသတ်ဆေး(အဘိတ်ဆေး) ခတ်ခြင်းလုပ်ငန်းများကို အထက(၁)ရှိ သုံးရေအုတ်ကန်များ၊ ရေထည့်ကျောက်စည်များနေရာများတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၂) ဦးစောသက်နိုင်နှင့်ကျန်းမာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း၊ ကျောင်းအုပ် ဦးမြသိန်း၊ နန်းတော်ကုန်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်နိုင်နှင့်တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြသည်။ အလားတူမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များတွင်လည်း အဆိုပါ ဖုံး၊သွန်၊လဲ၊ စစ်လုပ်ငန်းများနှင့် ပိုးလောက် လန်းသတ်ဆေး(အဘိတ်ဆေး)ခတ်ခြင်းလုပ် ငန်းများကို ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့ အထိ သတ်မှတ်နေ့များအလိုက် အုပ်စုများခွဲဝေသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ