တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

အုတ်ဖို ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ အ.ထ.က အေးမြသာယာကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တို့၌ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ တက်ရောက်ခဲ့ပြီး  ဆုချီးမြှင့်ရာတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (၁) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ (၄) ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (၆)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မအိမ့်စံမှီထွဋ် အပါအဝင် ၃ ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၁) ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် (၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၄) ဦးတို့အား ဆရာ၊ ဆရာမများ၊ ရပ်ကျေးစီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းဝင်များက စုပေါင်း၍ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း အ.ထ.က အေးမြသာယာကျောင်းအုပ်ဆရာမကြီး ဒေါ်ကျင်သိန်းထံမှ သိရသည်။ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား မအိမ့်စံမှီထွဋ်မှ ကျေးဇူးတင်စကားပြောကြားရာ ငယ်စဉ်ကာလမှစ၍ ပညာသင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်း၊ အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်အောင် ကျောင်းများဖွင့်လှစ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ကျောင်းတော်ကြီး၏ ဂုဏ်ကျေးဇူးကို ပြန်ဆပ်နိုင်အောင်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောင်သူ