လူငယ်များစာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြောင်းမြမြို့၊ အ.ထ.က (သိလ္လာ) ကျောင်းတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။