လူငယ်များစာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောင်းမြ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြောင်းမြမြို့၊ အ.ထ.က (သိလ္လာ) ကျောင်းတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် အ.ထ.က (သိလ္လာ) ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးသီတာက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်‌ဝေဝေမြင့်က “လူငယ်နှင့် မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးက “လူငယ်နှင့်စားသုံးရေးရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဦးစိုင်းဝေလင်းနောင်က “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။ ဆက်လက်ပြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဦးစိုင်းဝေလင်းနောင်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အ.ထ.က (သိလ္လာ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသီတာက လက်ခံခဲ့ သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ် စာစောင်များပြသခြင်း၊ စာအုပ်ပြပွဲပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲသို့  အ.ထ.က (သိလ္လာ) ကျောင်းမှ ကျောင်းသား/ သူလူငယ်များ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြ ခရိုင်(ပြန်/ဆက်)