မြောင်းမြတွင် ပလပ်စတစ်ကြိုးဖြင့်ပြုလုပ်သည့် ခြင်းအမျိုးမျိုးနှင့် လက်ကိုင်အိတ်အမျိုးမျိုး ပြုလုပ်နည်း   သင်တန်းဖွင့်လှစ်ရန်ရှိ

မြောင်းမြ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ တစ်ပိုင်တစ်နိုင်အိမ်တွင်းကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖြစ်သည့် ပလပ်စတစ်ကြိုးဖြင့် ပြုလုပ်သည့် ခြင်းအမျိုးမျိုးနှင့်လက်ကိုင်အိတ် ပြုလုပ်နည်းသင်တန်းကို မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက (အခမဲ့) ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

အဆိုပါသင်တန်းကို (၂၅-၁-၂၀၂၃)ရက်နေ့မှ (၃၁-၁-၂၀၂၃) ရက်နေ့အထိ (၇)  ရက်ကြာ အခမဲ့ သင်ကြားပေးမည်ဖြစ်ပြီး၊ စိတ်ပါဝင်စားသူ လူငယ်လူရွယ်များအနေဖြင့်  လူဦးရေ ကန့်သတ်ထားပါသဖြင့် မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  လာရောက် စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် ဖုန်းနံပါတ် ၀၉-၉၆၅၂၂၆၁၃၉ သို့လည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား နံနက် (၉:၃၀) မှ ညနေ (၄:၃၀)အထိ စာတွေ့လက်တွေ့ သင်ကြားမည်ဖြစ်ပြီး လုပ်ငန်းထူထောင်လိုပါကလည်း လိုအပ်သောအကြံဉာဏ်များ ကူညီပံ့ပိုးပေးခြင်းများ ဆောက်ရွက် ပေးသွားမည်ဖြစ်ပြီး၊ လိုအပ်သည့်ကုန်ကြမ်းများလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်ဆက်)