သတင်းများ

အမ်းမြိုလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင် နှင့် ဓာတ်ပုံပြပွဲကျင်းပ
Jan 18,2023
ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက်အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ယမန်နေ့ နေ့လယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူလူငယ်များ လေ့လာနိုင်ရန်ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။
ဖားဆောင်းမြို့နယ်(​အမက)​​တောင်​ပေါ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများပေးအပ်ချီးမြှင့်
Jan 18,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊​ တောင်​ပေါ်​ကျေးရွာ(အမက)​ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏထူးချွန်ဆုများပေးအပ်ပွဲအခမ်းအနားကို ယမန်​နေ့က​ကျေးရွာခန်းမ​ဆောင်၌ ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ် အထက(၂) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Jan 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့တွင် ဒုတိယအကြိမ်မြောက် လူမျိုးဘာသာမရွေး အသက်(၇၀)အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ဒုတိယအကြိမ်မြောက် လူမျိုးဘာသာမရွေး အသက်(၇၀)အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့၊ ကန်ဦးကျွန်းတောကျောင်း၌ (တတိယအကြိမ်) မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
Jan 18,2023
ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကံဦးရပ်ကွက်၊ ကန်ဦးကျွန်းတော ကျောင်းတွင်(ကမ္ဘာသူ/ကမ္ဘာသားအပေါင်းတို့ ကပ်ကြီးသုံးပါးဘေးမှ ကင်းဝေး၍ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံပါစေခြင်းအကျိုးငှာ) နေပြည်တော်ကောင်စီမှကြီးမှူး၍ ကျင်းပပူဇော်သော ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်၊ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေး
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အ.ထ.ကနတ်စင်ကုန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထိုးနှံပေးနေကြောင်း သိရသည်။
ဖားဆောင်းမြို့နယ် တောင်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်
Jan 18,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီ အချိန်က တောင်ပိုင်းရပ်ကွက်၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။