ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး​​၊​ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ရွှေဘို ဇန်နဝါရီ ၁၈

ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီး ဘော်လီ​ဘောပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင် ကျင်းပခဲ့ရာ အား​ကစား​ခေါင်း​ဆောင်နှင့် ပြိုင်ပွဲဝင်အားကစားများက၊ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကာ ဖွင့်လှစ်​ပေးခဲ့သည်။

အခမ်းအနားတွင် ​ပါမောက္ခချုပ်ဆရာမကြီး​ ဒေါက်တာမျိုးမျိုးက ကျောင်းသား​မောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေ​ပျော်၍ စာ​တော်​သောလူငယ်​လေးများဖြစ်​အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်ပြီး ပူး​ပေါင်းပါဝင်သည့် အ​လေ့အထ​ကောင်းရရှိ​စေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ် ပိုင်းဆိုင်ရာများလည်း ခိုင်မာလာနိုင်မှာဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုများရရှိကာ ချစ်ခင် ရင်းနှီးလာမှာဖြစ်ကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးမှာဖြစ်ကြောင်း၊ ဉာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ​ပေါ်ထွက်​စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပ​ပေးသွားမည်ဖြစ်ပြီး​ကြောင်း​ ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသားအသင်း (၉) သင်း အမျိုးသမီးအသင်း (၉) သင်း ပါဝင်ကစားမည်ဖြစ်ပြီး ဖွင့်ပွဲတွင်အမျိုးသား​ဘူမိ​ဗေဒအသင်းနှင့် ဓါတု​ဗေဒအသင်းတို့ယှဉ်ပြိုင်ကစားရာ ပါမောက္ခချုပ်နှင့်ဒုပါ​မောက္ခချုပ်၊ ဌာနမှူး (ပါမောက္ခ) များ၊ သင်ကြားရေး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တက်ရောက်အား​ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)