မော်လိုက်မြို့ ဘကကျောင်းနှင့် အ.မ.က (၅) ကျောင်းတို့၌ အသက် (၅) နှစ်နှင့် အသက် (၁၂) အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး

 

မော်လိုက် ဇန်နဝါရီလ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တွင်  အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တပ်ဦးဘုန်းတော်ကြီးပညာသင်ကျောင်းနှင့် အ.မ.က (၅)ကျောင်းတို့၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကာကွယ်ဆေးများမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၁၅) ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်း နှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မော်လိုက်မြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ကျောင်းသား/ကျောင်းသူများအား ပဲနို့အချိုရည်များ တိုက်ကျွေးခဲ့ကြပြီး  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြသည်။

မော်လိုက်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မှ (၂၀) ရက်နေ့အတွင်း မြို့နယ်အတွင်းရှိ ကျောင်း (၁၁) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၈၈၅) ဦးတို့ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)