ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းရွာသစ် ဇန်နဝါရီ ၁၈

ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးစနစ်တကျသုံးစွဲနိုင်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး(Talk Show) ကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးမှ (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးဦးရီဝင်းက ဒေသနေပြည်သူများအနေဖြင့် နွေရာသီရောက်ပြီဖြစ်၍ ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်မကျရောက်စေရန်အတွက် လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ရာဝင်ချိန်တွင် သတိထား၍ စနစ်တကျမီးငြိမ်းသတ်ရန်၊ နေအိမ်များတွင် မီးသတ်ဆေးဖျန်းဘူးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိဆောင်ရွက်ထားရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျရှင်းလင်းထားရန်၊ လောင်စာဆီများနှင့် စက်သုံးဆီများရောင်းချသည့် ဈေးဆိုင်များအနေဖြင့် မီးသတ်ဆေးဖျန်းဘူးများထားရှိရန်၊ မီဘေးအန္တရာယ်ကြုံတွေ့လာပါက အမြန်ဆက်သွယ်အကြောင်းကြားကြရန် စသည်ဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို အသိပညပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဇင်လေး