ဟားခါး ဇန်နဝါရီလ ၁၈
ဟားခါးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို အ.ထ.က (၁) ကျောင်းသားကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူးကိုယ်စား ဦးပတ္တမြားသံမဏိနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသိန်းတို့က အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၂−၂၀၂၃ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများက ဆုများအသီးသီးချီးမြှင့်ကြပြီး အ.ထ.က (၁) ကျောင်းသားကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားရုပ်သိမ်းခဲ့သည်။
အဆိုပါစုံညီပွဲတော်တွင် လွန်ဆွဲပြိုင်ပွဲ၊ မီတာ ၅၀ အပြေးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများကိုကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)