မုဒုံမြို့နယ်တွင် ကိုက်လန်တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ တောင်သူများ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ

မုဒုံ ဇန်နဝါရီ ၁၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ကိုက်လန်စိုက် တောင်သူများ မိသားစု အပိုဝင်ငွေရရှိသည်။ မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး၊ မိသားစုစားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရန် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြစ်သည်။ ကိုက်လန်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီနှောင်းပိုင်းနှင့် မိုးရာသီနှောင်းပိုင်းတွင်  အဓိက စိုက်ပျိုးသည်။

စိုက်ပျိုးပြီး တစ်လအကြာတွင် အရွက်နုခူးဆွတ်နိုင်ပြီး၊ စိုက်ပျိုးပြီး နှစ်လအကြာတွင် အရွက်ရင့်များ ခူးဆွတ်နိုင်ကြောင်း၊  ကိုက်လန်တစ်စည်းလျှင် ၂၀၀ ကျပ်ဖြင့်ရောင်းချရသဖြင့်  မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာမှ ပဲတောင့်ရှည်စိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မုဒုံသူ ပြန်/ ဆက်