အမရပူရမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတတိယအကြိမ် (Booster Dose) ထိုးနှံမှုကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကွင်းဆင်းကြည့်ရှု

အမရပူရ ဇန်နဝါရီ ၁၈

အမရပူရခရိုင်ခရိုင်၊အမရပူရမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ် ထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအကြိမ်(Booster Dose)ကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းကလေးကျွန်း ကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်း၊ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ဝင်းကို၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်ညီ၊ ခရိုင်အမျိုးသမီးရေးရာ ကော်မတီနှင့် ခရိုင်မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်နှင့်အဖွဲ့တို့က လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဏတွင် ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာ ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၀၃၆၅)ဦးထိုးနှံပေးမည်ဖြစ်ရာယနေ့ထိ (၈၅၃၅)ဦးကိုထိုးနှံပေးနိုင်ပြီးကျန်(၁၈၃၀) ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။

စိုးသီဟ(အမရ)