အုတ်ဖို ဇန်နဝါရီ ၁၈
အနာဂတ် လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အေးမြသာယာတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ-ထ-က အေးမြသာယာ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျင်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က လူငယ်စကားဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ Grade -10 မှ မောင်တင်ကိုလွင်က လူငယ်နှင့်အချိန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မပြည့်ငြိမ်းနိုင်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်သန်းထိုက်အောင်က လူငယ်နှင့်ကျင့်ဝတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-10 မမေမနောဖြူက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်တို့ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ ဆက်)