သရက်ချောင်း ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးငယ်များ ကာယစွမ်းရည်/ဉာဏစွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
ရှေ့ဦးစွာ သရက်ချောင်းမြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ အာရုံစူးစိုက် လေ့လာမှု၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဉာဏ်စမ်းပြိုင်ပွဲ၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ လက်ဆင့်ကမ်း ဘောလုံးသယ်ပြိုင်ပွဲ ကျင်းပရာ အ.ထ.က (သရက်ချောင်း) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များအား ဆုများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ခဲ့သည်။
သားကြီး(သရက်ချောင်း)