တံတားဦးမြို့နယ် နွားကျော်ဒရပ်တွင် ကွန်ကရစ်ကန်လုပ်ငန်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိ

တံတားဦး ဇန်နဝါရီ ၁၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် နွားကျော်ဒရပ်တွင် ကွန်ကရစ်ကန်လုပ်ငန်းဖြင့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်ရာတွင် ရေထည့်အသုံးပြုသည့် ကွန်ကရစ်ကန် ဆိုဒ်အမျိုးမျိုး၊ လမ်း၊ တံတား၊ ပေါင်းကူးမြောင်းများအဖြစ်အသုံးပြုသည့် ကျောက်ဆွေအမျိုးမျိုး၊ ကျင်တွယ်ခုံအမျိုးမျိုး၊ ခြံစည်ရိုးကာရာတွင် အသုံးပြုသည့် ကျောက်တိုင်များ၊ ရေထုတ်ပြွန်များ၊ အိမ်သာသုံး ကျောက်ခွေ အမျိုးမျိုးတို့ကို ပြုလုပ်ရောင်းချခြင်းဖြစ်သည်။

ထိုလုပ်ငန်းများကို ဘိလပ်မြေ(၁)ဆ၊ သဲ(၂)ဆ၊ ကျောက်(၄)ဖြင့် ရောသအောင်မွှေရပြီး မိမိလုပ်ကိုင်လို သည့်ပစ္စည်းကို ပုံစံခွက်(ခေါ်)မိုထဲတွင် လောင်းထည့်ရပါကြောင်း လောင်းထည့်ပြီးကွန်ကရစ်ပစ္စည်းများကို တစ်ညထားရှိပြီးမှ ပုံစံခွက်များဖယ်ရပါကြောင်း၊ ဘိလပ်မြေ (၁)အိတ်လျှင် ကွန်ကရစ်ကန် (၂)ကန်၊ အိမ်ဆောက်ကျင်တွယ်တိုင်မှာ(၂)တိုင်၊ ခြံစည်းရိုးကာရာတွင်အသုံးပြုသည့် ကျောက်တိုင်ဆိုလျှင် (၃)တိုင်ရရှိပါကြောင်း၊ ဘိလပ်ကန် တစ်ကန်လျှင် ငွေကျပ်တစ်သောင်းသုံးထောင်ကျပ်ဖြင့် ရောင်းချပြီး ဘိမြေ(၁)အိတ်ကို နှစ်ကန်ရရှိခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိခြင်းကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း ကွန်ကရစ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှသိရသည်။

ရဲတင့်( ပြန်/ဆက်)