ဟင်္သာတ ဇန်နဝါရီ ၁၇
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၁ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အေးအေးမာက Talk Show ဆွေးနွေပွဲကျင်းပ ပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဟင်္သာတမြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဦးမိုးကျော်က “မိမိတို့ဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက် များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် စားသုဲးသူများရရှိခံစား ရမည့် အကျိုးကျေးဇူးများ၊ သိရှိသင့်သည့်အချက်အလက်များ၊ ကုန်စည်စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ” စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကိုဇော် ဟင်္သာတ