တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါး အန္တရာယ်ကင်းရှင်းရေးနှင့် မှုခင်းအသိပညာပေး ဟောပြောပွဲ ကျင်းပ

တောင်ကုတ် ဇန်နဝါရီ ၁၇

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ကင်းရှင်းစေရေးနှင့် မှုခင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရေးနှင့် မှုခင်းအသိပညာပေး ဟောပြောရာတွင် တောင်ကုတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လင်းကိုနိုင်မှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးတို့ကို ဟောပြောသည်။

အဆိုပါ အခမ်းအနားသို့ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ Grade-8 အတန်းမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)