ထန်းတပင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူ

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီလ ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများကို တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိပြီး ယမန်နေ့၊ နံနက်ပိုင်းကလည်း တာဝန်ရှိသူများက အိမ်​ထောင်စုလူဦး​ရေစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကောက်ကွက်များအလိုက် ဆက်လက်၍ ​ကောက်ယူလျက်ရှိသည်။
ကွင်းဆင်းကောက်ယူရာတွင်လည်း ရပ်ကွက်/ ကျေးရွာအုပ်စုမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိပြီး မြေပြင်တစ်အိမ်တက်ဆင်း (Working Group) စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှု အ​ခြေအ​နေများကိုလည်း မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးလျက်ရှိသည်။
မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိစေရေးနှင့်လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်​ထောင်စုလူဦး​ရေစာရင်းများကို​ ကောက်ယူခြင်းဖြစ်သလို တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူမှုများကိုလည်း ဇန်နဝါရီလ(၉)ရက်​နေ့မှစတင်၍​ကောက်ယူခြင်းဖြစ်​ပြီး ဇန်နဝါရီလ(၃၁)ရက်​နေ့အထိ​ ကောက်ယူသွားမည်ဖြစ်​ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းမြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၄)အုပ်စုတို့တွင် မြေပြင်စာရင်းကောက်ကွက်ပေါင်း (၁၂၇)ရှိ​ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ ဆက်)