ကြည့်မြင်တိုင်မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်

ကြည့်မြင်တိုင်   ဇန်နဝါရီလ   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ လူဦးရေစာရင်းများအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် ၂၂ ရပ်ကွက်ရှိပြီး အဆိုပါရပ်ကွက်များသို့  ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောင်ယူရေးအဖွဲ့ (,Working Group)များသည်  သက်ဆိုင်ရာရပ်ကွက်များအလိုက် တစ်အိမ်တက်ဆင်းသွားရောက်ကာ   သတ်မှတ်စာရင်းပုံစံများဖြင့် ကောက်ယူလျက်ရှိသည်။    

အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာနေရာသို့ မြို့နယ်(Working Group)  မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမျိုးညီညီ၊ မြို့နယ် လ-၀-က ဦးစီးမှူး ဦးခင်​မောင်​ဇော်နှင့်ဌာဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)