စမ်းချောင်း ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက်နှင့်လင်းလွန်း(မြောက်)ရပ်ကွက်တို့တွင် ဗဟိုလမ်းရှိရှမ်းလမ်းဓမ္မာရုံ၌ မြို့နယ်ကွပ်ကဲရေးရုံးဖွင့်လှစ်ပြီး လင်းလွန်း(မြောက်)ရပ်ကွက်နှင့် သံတံတားရပ်ကွက်များသို့ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် ခရိုင်ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးမျိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးဇော်မင်းသိန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးဝင်းနိုင်တို့မှဦးဆောင်၍ ရှေ့တန်းအမှတ်(၁၃၉)ခြေလျင်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူးဗိုလ်မှူးမျိုးဝင်းထွန်းနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့(၇၂)ဖွဲ့၊ စုစုပေါင်းအင်အား(၄၂၆)ဦးတို့ဖြင့် လာမည့်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် လင်းလွန်း(မြောက်)ရပ်ကွက်နှင့် သံတံတားရပ်ကွက်အတွင်းရှိ လူဦးရေဆိုင်ရာစာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြကြောင်းသိရသည်။
နီလာစိုး