ကျိုက်လတ် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် ဇန်နဝါရီ ၁၆ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သန်း နှင့်တာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီ ၁၆ နံနက် (၁၀) နာရီတွင် လှိုင်းတာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ မွန်းတည့် (၁၂) နာရီခွဲခန့်တွင် ဖောင်ရိုးချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း သို့လည်းကောင်း၊ နေ့လယ် (၂) နာရီခန့်တွင် ရုံးဒေါင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် အောင်ချက်မြင့်မားရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ရီရီမြင့်
ကျိုက်လတ် (ပြန်/ဆက်)