အမာ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့စာအုပ်၊ စာစောင်များလာရောက်မငှားရမ်းနိုင်သော စာဖတ်ပရိတ်သတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာရှိ စာငှားသူများထံသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်များငှားရမ်းပေးခြင်း ဆောင်ရွက်ရာတွင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကပြည်သူများအနေဖြင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေပြီး စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် ကလေးများအတွက် ရုပ်ပြ၊ ပုံပြင်စာအုပ်များ စုံလင်စွာယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခဲ့ရာ စာကြည့်တိုက်အသင်းဝင် (၆) ဦးအား သုတ (၉) အုပ်၊ ရသ (၇) အုပ်တို့ကို ငှားရမ်းပေးနိုင်ခဲ့ပြီး၊ ယခင်ငှားရမ်းထားသည့် သုတ၊ ရသ စာအုပ်စာစောင်များကို စနစ်တကျပြန်လည်သိမ်းဆည်း ခဲ့ကြောင်းနှင့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို နှစ်ပတ်တစ်ကြိမ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်လေးလီယန်
အမာ(ပြန်/ဆက်)