မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေး ဟောပြောပွဲကျင်းပ

 မြစ်သား   ဇန်နဝါရီ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးမှရရှိသည့်ဆိုးကျိုးများကို  သိရှိစေရန်ရည်ရွယ်၍  မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၂)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရှိဒေါ်သီတာအောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းမှာ ကျောင်းသားကျောင်းသူများအနေဖြင့် အခုလိုငယ်ရွယ်စဉ်အချိန်မှစ၍ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုနားရည်ဝစွာသိပြီး မူးယစ်ကအစ ဆေးလိပ်က၊ ဆေးလိပ်မသောက်ရန်၊ ကွမ်းမစားရန်၊ ကွမ်းထဲတွင်ထည့်စားသောဆေးရွက်ကြီးသည်လည်း မူးယစ်ဆေးတစ်မျိုးဖြစ်ကြောင်း စသည့် အကြောင်းများနှင့် မူးယစ်ဆေးဝါးဆိုးကျိုးများကိုသိရှိစေရန်ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဦးစီးမှူးဒေါ်ခိုင်သန္တာလွင်မှ  မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ နှင့်  မူးယဆေးဝါးဆောင်ပုဒ်များဖြစ်သော "အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” စသည့် ဆောင်ပုဒ်များကိုအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

ရဲနိုင်ဦး(မြစ်သား)