တနိုင်း ဇန်နဝါရီ ၂၀
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အခြေခံပညာမူလတန်းလွန် - ကောင်ဂျာ ကျောင်းတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက အဖွင့်အနေဖြင့် “ကြိုဆိုပါသည်စုံညီပွဲတော်” တေးသီချင်းအား သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်ရွှေနယ်ဇိန်းက ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ပညာရပ်နယ်ပယ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသာ/ကျောင်းသူများက တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။
အလားတူ တနိုင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ယမန်နေ့ နံနက်ပိုင်းက ပညာရေးစုံညီပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းအိ (ပြန်/ဆက်)