မိုးနဲ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆိုင်းဘုတ် သဘာဝကျွန်းတိုင် မုခ်ဦးဖွင့်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အဆိုပါ ကျောင်းဆိုင်းဘုတ်မုခ်ဦးနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ ၊ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆိုင်းဘုတ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးနှင့် အလှူရှင် ဦးပြည့်ဖြိုးကျော်၊ ဦးစိုင်းနွဲ့ တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်း ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာရေးဆုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)