ကျိုက်လတ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်

ကျိုက်လတ် ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျိုက်လတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ  ဦးသီဟစိုး ဦးဆောင်၍ ဝန်ထမ်းများက အ.ထ.က (၁) ကျိုက်လတ်မှပေါင်းဆန်စက် ထိပ်အထိ LDC Loadshed ချိန် 11 KV ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ယိုင်နေသော ဓာတ်အားတိုင်များတည့်မတ်ခြင်း၊ Transformer နှင့် Stay များတွင် နွယ်များရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ် (ပြန်/ဆက်)