ငဖဲ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာအုပ်စု ပန်းထိမ်းကျေးရွာ အောင်နန်းမြေကျောင်းတိုက်တွင် အောင်နန်းမြေကျောင်းဆရာတော်ဘဒ္ဒန္တသုမနအားအမှူးပြုပြီး ပညာရေးဝန်ကြီးဌာန သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးသိန်းဆောင်ကဦးဆောင်၍ YMBA အသင်းခွဲ(၁၃) ၏ အမှုဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပန်းထိမ်းကျေးရွာအုပ်စု ပန်းထိမ်းကျေးရွာ အောင်နန်းမြေဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တသုမနက YMBA မှ ဦးဆောင်ကျင်းပသည့် ၃၈ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားမိန့်ကြားပြီး မဟာ မင်္ဂလဓမ္မဇောတိကဓဇ ဦးသိန်းဆောင်က ၃၈ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆို ထားသော ကျောင်းသား၊ ကျောင်းသူ (၆၂၄) ဦးတို့အတွက် ဆုချီးမြှင့်နိုင်ရေးနှင့် အလှူငွေရှာဖွေရေးဆိုင်ရာများ၊ လာမည့်နှစ် (၇၄) ကြိမ်မြောက်တွင် စာဖြေသူကျောင်းသား/သူအရေအတွက် တိုးပွားရေးနှင့်အသင်းကြီး တိုးတက်ခိုင်မာရှင်သန်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့်ကိုယ်စားလှယ်များမှ ၃၈ ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆိုင်ရာများနှင့် အမှုဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းရေးဆိုင်ရာများကို တင်ပြဆွေးနွေးကြရာ အောင်နန်းမြေကျောင်းဆရာတော်ဘဒ္ဒန္တသုမနနှင့် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးသိန်း ဆောင်တို့က ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ငဖဲမြို့နယ် YMBA အသင်းခွဲ(၁၃)ကို ဥက္ကဋ္ဌ(၁)ဦး၊ ဒုဥက္ကဋ္ဌ (၃)ဦး၊ အတွင်းရေးမှူး(၁)ဦး၊ တွဲ-ဘက်တွင်းမှူး(၃)ဦး၊ စာရင်းစစ် (၂)ဦး၊ ဘဏ္ဍာရေးမှူး(၁)ဦးနှင့် အဖွဲ့ဝင်(၁၀)ဦး စုစုပေါင်း အမှုဆောင် ကော်မတီ(၂၁)ဦး ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာနှင့် YMBA မှ ဦးဆောင်ကျင်းပသည့် ၃၈ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုသည့် စာသင်ကျောင်း(၆)ကျောင်းမှ ကိုယ်စားလှယ် (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)