ပေါက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ပေါက်  ဧပြီ  ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဖန်ခါးမြေလက်ကမ်းစာစောင်များကို ယနေ့နံနက်(၇)နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်စည်ပင်သာယာဈေး၊ ယာယီပျံကျဈေးနှင့်မြို့ပေါ်(၄)ရပ်ကွက်သို့  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ ဖန်ခါးမြေလက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေး အလုပ်သမားများ၏အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ဆောင်ပုဒ်များ၊ ကာတွန်းများ ပါဝင်ပြီး အဆိုပါလက်ကမ်းစာစောင်ကို မကွေးတိုင်းဒေသကြီး အလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီက တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်ကြစေရန်ရည်ရွယ်၍  အခမဲ့ထုတ်ဝေ ဖြန့်ချိခြင်းဖြစ်ကြောင်း သိရသည်။

ကိုရွှေယော(အညာမြေ)