လောင်းလုံးမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေခြင်းနှင့်( 191) စတေကာများ ကပ်နှိပ်ခြင်းများ ပြုလုပ်

လောင်းလုံး ဧပြီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ပါက အလွယ်တကူ မီးငြှိမ်းသတ်န်ိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးအရာရှိ ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေခြင်းနှင့် (191)စတေကာများ ကပ်နှိပ်ခြင်းများကို မြို့မစည်ပင်သာယာရေးစျေးနှင့် လမ်းဆုံလမ်းခွ၌ ပြုလုပ်သည်။

အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အပြင်မသွားမီ သတိပြုရမည့် အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံ/နည်းများ၊ ဆေးလိပ်သောက်ခြင်းတွင် လိုက်နာရမည့် အချက်များ၊ စသော အကြောင်းအရာများနှင့် မီးလောင်ကျွမ်းမှု နစ်စုံတစ်ခု ဖြစ်ပေါ်လာပါက မီးသတ်ရုံးသို့ ချက်ချင်းအကူအညီတောင်းခံနိုင်ရန်အတွက် အရေးပေါ် ဖုန်းနံပါတ် (191)စတေကာများကို ကပ်နှိပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)