မဟာအောင်မြေ ဧပြီ ၂၁
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ဘွားများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၇၀)စုအနက် (၃၆)စုအား အဌမအကြိမ်မြောက် လစဉ်အလှည့်ကျ ဆန်၊ ဆီ၊ ကြက်ဥများ၊ ကြက်သွန်များနှင့် ငွေသားများကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲအား မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် သက်ကြီးဘိုး၊ဘွားများအား စားဝတ်နေရေး အဆင်ပြေနိုင်စေရန် ရည်ရွယ်၍ ထောက်ပံ့ပစ္စည်းများပေးအပ်ရာ အိမ်ထောင်စု(၃၆)စုအား ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ကြက်သွန်(၁) ပိဿာနှင့် တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ပေးအပ်လှူဒါန်းရာ အသက် (၈၀)နှစ်အထက် အဘိုး(၁)ဦး၊ အဘွား(၈)အား ငွေကျပ်(၁၀၀၀၀)၊ ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ကြက်သွန်(၁)ပိဿာ အသက်(၈၀)နှစ်အောက် အဘိုး(၁၂)ဦး၊အဘွား(၁၅)ဦးအား ငွေကျပ်(၁၀၀၀၀)၊ ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ကြက်သွန်(၁)ပိဿာစီအား လစဉ် အလှည့်ကျ ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖ အလှူရှင် ဦးယဉ်မောင်ဟိန်းနှင့်ဇနီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ဒေါ်ယုယုဇော်တို့မှ ထောက်ပံ့ ပေးအပ်လှူဒါန်းကြရာ အဘိုး၊အဘွားများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ မြို့မိမြို့ဖများ၊ အဘိုးအဘွားများ တက်ရောက်ကြောင်း သိရသည်။
အောင်ဇော်မင်း