ကျိုက်ဒုံ ဧပြီ ၂၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ရှိန် မြင့်မားလာစေရန်နှင့် စာပေမှ ရရှိသည့် ဗဟုသုတ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ ဉာဏ်ဝေ(မြစ်သာမြေ) ရေးသားထားသော ''နှင်းတောင်တန်းက ပန်းဥယျာဥ်'' စာအုပ်ဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဦးမင်းငြိမ်းအောင်မှ ရှေ့ဆောင်လမ်းပြဆရာ့ဘဝ၊ အညတရကြယ်လေးများ၊ မချိုတော့မည့် ခေါင်းလောင်းသံ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စောဘရွှေမှ ပညာရေးနှင့် မဝေးစေချင်၊ နံရံကပ်စာစောင်လေး၊ တောင်တန်းမြေက အညတရ မီးအိမ်ရှင်များ စသည့် စာအုပ်ပါအကြောင်းအရာခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)