တံတား ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်(၈)နာရီအချိန်က သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြုဆရာမကြီးဦးဆောင်၍ ဝန်ထမ်းများကအပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းတွင် သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ရာသီတုပ်ကွေးနှင့်ဖျားနာခြင်းများအတွက် ဆေးဝါးကုသပေးခြင်းစသည့် အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ရာ ဘိုးဘွားဦးရေစုစုပေါင်း(၁၃၅)ဦး ဆေးကုသစစ်ဆေးမှုခံယူခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ (တံတားပြန်ဆက်)