နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ရွာလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

နတ်မောက် ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ရွာလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျေးရွာဂေါပကအဖွဲ့ကကြီးမှူး၍ ယမန်နေ့ နံနက် ၈ နာရီအချိန်က ရွာဦးဘုန်းတော်ကြီးကျောင်းရှေ့၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်လှူပွဲတွင် ရွာဦးကျောင်းဆရာတော်အမှူးပြုသော သံဃာတော်များနှင့် ရှင်သာမဏေများ၊ အုပ်စုအတွင်းရှိ ပင့်ဖိတ်ထားသော သံဃာတော်များ အပါအဝင် (၄၂)ပါးတို့က ဘုန်းတော်ကြီးကျောင်းရှေ့ရှိ လမ်းမကြီးအတိုင်း ကြွရောက်အလှူခံခဲ့ကြပြီး စေတနာရှင် ကုသိုလ်ရှင် အပေါင်းတို့က ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ကို သဒ္ဓါကြည်ဖြူစွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

လှဝင်း