မက်မန်း ဧပြီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် CP ဥစားကြက်မျိုးများကို ဒေသခံပြည်သူများ မွေးမြူနိုင်ရေး၊ ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော ကြက်ဥများစားသုံးနိုင်ရေး၊ တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှ စီးပွားဖြစ် မွေးမြူနိုင်ရေးတို့အတွက် CP ဥစားကြက်မျိုးများ စံပြမွေးမြူခြင်းကို မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် စတင်မွေးမြူ လျက်ရှိသည်။
မက်မန်းမြို့နယ်တွင် ဒေသခံမွေးမြူသူများအနေဖြင့် ဒေသကြက်များကိုသာ မွေးမြူနိုင်ခြင်း၊ အသားနှင့်ဥများထုတ်လုပ်နိုင်မှု အားနည်းခြင်း တို့ကြောင့် စိတ်ပါဝင်စားသူ ဒေသခံများအနေဖြင့် အသားတိုး ကြက်များမွေးမြူခြင်း၊ ဥစားကြက်များမွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနိုင်ခြင်း၊ စီးပွားဖြစ် မွေးမြူနိုင်ရေးတို့ကို ရည်ရွယ်၍ ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတွင် ဒေသကြက်အကောင်(၃၀၀)အား စံပြ မွေးမြူရေးအနေဖြင့် စတင်မွေးမြူလျက်ရှိသည်။ မွေးမြူရေးစိတ်ပါဝင်စားသူ ဒေသခံများအနေဖြင့် ဥစားကြက်မွေးမြူခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတွင် လာရောက်လေ့လာခြင်းများ၊ ပညာပေးအစီအစဉ်များကိုရယူ၍ မွေးမြူနိုင်ကြောင်း ခရိုင်မွေးမြူရေးနင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်းထံမှသိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)