စမ်းချောင်း ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများအကြောင်း၊ သင့်အိမ်တွင် အိမ်သားတစ်ဦးဦး နေမကောင်းဖြစ်ပါက ဘာလုပ်ရမလဲ၊ ရောဂါကူးစက်ခံရပါက အိမ်တွင်ပြုစုစောင့်ရှောက်နည်း၊ ဘယ်ဆေးတွေကိုသောက်ရမလဲ၊ ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများအား အိမ်တွင်ပြုစုစောင့်ရှောက်နိုင်ရန် သိထားသင့်သည့် အဆင့် (၅) ဆင့်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန်အတွက် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ရန်၊ စနစ်တကျ လက်ဆေးနည်းများအကြောင်းတို့ကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နီလာစိုး