လိပ်သိုဒေသထွက် သဘာဝပျားရည်စစ်စစ်များ ဈေးကောင်းရရှိနေ၍ ပျားဖွတ်သူများ အဆင်ပြေ

လိပ်သို ဧပြီ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်များပြားပြီး စိမ့်စမ်းရေမြေကောင်းမွန်မှုကြောင့် ကျေးရွာအများအပြားရှိ ဉယျာဉ်ခြံ သစ်ပင်ကြီးများတွင် သဘာဝပျားအုံများ အများအပြား စွဲကပ်လျက်ရှိကြောင်း သိရသည်။ ဒေသအတွင်းရှိ ပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာ၀ပျားရည် စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် ယခုအချိန်တွင် လိပ်သိုဒေသထွက် ပျားရည်များ ဈေးကောင်း ရရှိနေကြောင်း သိရသည်။ 

ယခုအခါ နွေရာသီကာလ ပျားဖွတ်ရာသီ ရောက်ရှိချိန်တွင် ဒေသခံပျားဖွတ် တောင်သူများက တောတောင်ထူထပ်သည့် နေရာများမှ သစ်ပင်ကြီးများတွင် စွဲနေသည့် ပျားအုံများကို တွေ့ရှိရပြီး အဆိုပါပျားအုံများမှ သဘာဝပျားရည်များကို ဖွတ်ယူကာ ပျားရည်ဝယ်ယူသိုလှောင် သူပွဲစားများထံသို့ ရောင်းချခြင်းဖြင့် စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ လိပ်သိုဒေသထွက် သဘာဝပျားရည်များသည် ယမန်နှစ်က တစ်ပုလင်း လျှင် ကျပ် (၃၀၀ဝိ/-) ဖြင့်သာ ရောင်းချရပြီး ယခုနှစ်တွင် ပျားရည်တစ်ပုလင်းလျှင် ကျပ် (၄၀၀ဝိ/-) ဖြင့် ရောင်းချရကြောင်း လိပ်သိုမြို့ ကျောင်းကုန်းကျေးရွာနေ ပျားဖွတ်သူတစ်ဉီးထံမှ သိရသည်။  

ခင်လေးနွယ် (လိပ်သို)