မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မိုးညို ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စည်ပင်သာယာ‌ေစျးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်‌ေဆးများထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဇောတိကရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်စည်ပင်သာယာ‌ဈေး တာဝန်ခံရုံး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္တအကြိမ် စုစုပေါင်း(၄)ကြိမ်ထိုးနှံထားပြီး (၆)လအထက်ရိှသူများအား ကိုဗစ်-၁၉  ထပ်ဆောင်းကာကွယ်ဆေး ပဉ္စမအကြိမ် (Booster Dose)ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထို့အတူ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်(၃)ကြိမ် ထိုးနှံထားပြီး(၆)လအထက်ရှိသူများအား စတုတ္တအကြိမ် (Booster Dose) ထိုးနှံပေးခြင်းနှင့် ကာကွယ်‌ဆေးပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံထားပြီး (၆)လအထက်ရှိ တတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)