လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မျက်စိဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၃)ရပ်ကွက်၊ ဓမ္မိကာရုံကျောင်း မေတ္တာအလင်းရောင်ဆေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများမှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မျက်စိဝေဒနာရှင် (၁၅၀)ဦးအား ကျန်းမာရေးစစ်ဆေးမှုများ၊ စောင့်ရှောက်မှုများပြုလုပ်ခြင်း၊ ထမင်းဘူးနှင့် သောက်ရေသန့်ဘူး များ ပေးဝေခြင်းတို့ကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သူဇာသိမ့် နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ကို မြို့နယ်ကုသရေးဦးစီးဌာနမှ ဆရာမကြီးတို့ ပူးပေါင်း၍ ကျန်းမာရေးစာင့်ရှောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)