ညောင်ရွှေမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ညောင်ရွှေ ဇွန် ၂၈

ရှမ်းပြည်နယ် ညောင်ရွှေမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ဇွန် ၂၈ ရက် နံနက် ၉ နာရီမှစတင်၍ မြို့ဝင်လမ်းဆုံ၊ မြို့မဈေးမီးပွိုင့်လမ်းဆုံနှင့် ရုံးကြီးလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းတွင် မော်တော်ဆိုင်ကယ် စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးစနစ်တကျတပ်ရန်၊ မော်တော်ဆိုင်ကယ်အား နှစ်ဦးထက်ပိုမစီးရန်၊ သတ်မှတ်နံပါတ်ပြားတပ်ဆင်ထားရန်၊ ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ဆိုင်ကယ်လိုင်စင်ရှိရန်တို့ကို အသိပညာပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ