ကော့သောင်းမြို့တွင် (ပထမအကြိမ်) မိုးကုတ်ဝိပဿနာပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်းသင်တန်း ဖွင့်လှစ်

ကော့သောင်း ဇွန် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေဝါဝင်းဓမ္မရိပ်သာကျောင်းတိုက်တွင် (ပထမအကြိမ်)မိုးကုတ်ဝိပဿနာပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်းသင်တန်းကို ဇွန်လ(၁၅)ရက်နေ့မှ ဇွန်လ(၂၉)ရက်နေ့ထိ (၁၅)ရက်တာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြင်ဦးလွင်မြို့၊ စိတ္တပါလဝိပဿနာကျောင်းမှ ပဋိစ္စသမုပ္ပါဒ်မိုးကုတ်ဝိပဿနာသင်တန်းမှူးဆရာတော် ဘဒ္ဒန္တဥတ္တမ(သာသနဓဇဓမ္မစရိယ)မှ ကျေးဇူးတော်ရှင် မိုးကုတ်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာလည်ပုံပြတ်ပုံနှင့် မိုးကုတ်ဝိပဿနာပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်းများအား အချိန်ဇယားအလိုက် သင်တန်းပို့ချ၍  သင်တန်းသားဆရာတော်၊ သံဃာတော်များမှ ဟောပြောသင်ကြားပို့ချမှုအား လေ့လာမှတ်သား၍ လက်တွေ့တရားဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ (ပထမအကြိမ်)မိုးကုတ်ဝိပဿနာ ပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်းသင်တန်းတွင် အခြားတိုင်း‌ဒေသကြီးများနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အမြို့မြို့အနယ်နယ်မှ ဆရာတော်၊ သံဃာတော်များ၊‌ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် ကော့သောင်းမြို့ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲမှ ယောဂီများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)