ဇလွန် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အ. ထ. က မေရီလန်း၊ အ.ထ.က ပျဥ်းမကုန်းတို့တွင် စိုက်ထူခဲ့ကြသည်။
ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ် ပညာရေးမှူး ဦးဖုန်းဇော်တို့က အမွှေးနံ့သာတို့ဖြင့် ပက်ဖျန်းကာ ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြသည်။ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလသည် မေလ(၂၃)ရက်မှ (၃၀)ရက်အထိဖြစ်ပြီး ကျောင်းအသီးသီး၌လည်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာများ စိုက်ထူကြမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)